Posts

အာလူးစိုက်ပျိုးနည်း

Image
ကမ္ဘာ့⁠နိုင်ငံအများစုတွင် အာလူးသီး⁠နှံသည် အာဟာရတန်ဘိုး⁠မြင့်⁠သောေ⁠ကြာင့် အဓိကအစားအစာအ⁠ဖြင့် စားသုံးလျှက်ရှိ⁠သော သီး⁠နှံ ⁠ဖြစ်ပါသည်။ စိုက်ပျိုးသည့်ဧရိယာအ⁠နေ⁠ဖြင့် ပဉ္စမအဆင့်တွင်ရှိ⁠ပြီး ထုတ်လုပ်မှုတန်ဘိုးအရ စတုတ္ထအဆင့်တွင် ရှိပါသည်။ ⁠မြန်မာ⁠နိုင်ငံ တွင် စစ်မ⁠ဖြစ်ခင်ကအာလူးစိုက်ပျိုးမှုရှိခဲ့⁠ပြီး အိ⁠န္ဒိယ⁠နိုင်ငံမှတဆင့် ၀င်⁠ရောက်လာသည်ဟု သိရှိရပါသည်။ စစ်မ⁠ဖြစ်မီအချိန်တွင် အာလူး တန်ချိန်(၃၀၀၀၀) အား အိ⁠န္ဒိယ⁠နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့⁠ပြီး၊ ၁၉၅၄ ခု⁠နှစ်တွင် တန်ချိန် (၂၆၀၀) သာတင်ပို့⁠နိုင်ခဲ့သည်။ ၎င်းကာလများတွင် စိုက်ဧက (၁၃၀၀၀) သာရှိခဲ့⁠ပြီး တစ်ဧကအထွက်⁠နှုန်း (၂-၃) တန်ထွက်ရှိခဲ့ပါသည်။ ၁၉၉၈-၉၉ ခု⁠နှစ်တွင် အာလူးစိုက်ဧက (၅၇၈၈၀) ဧက စိုက်ပျိုးခဲ့⁠ပြီး တတစ်ဧက (၃.၈) တန်⁠နှုန်း⁠ဖြင့် တန်ချိန်⁠ပေါင်း (၂) သိန်း⁠ကျော် ထုတ်လုပ်⁠နိုင်ခဲ့ပါသည်။ ⁠ပြည်တွင်သုံးစွဲမှုမှာလည်း တန်ချိန် (၂)သိန်းရှိပါသည်။ ရှမ်း⁠ပြည်နယ်တွင် အာလူးစိုက်ဧကအများစု၏ (၇၅) ရာခိုင်⁠နှုန်း ⁠ကျော်စိုက်ပျိုးထွက်ရှိ⁠ပြီး စိုက်ပျိုးသူအတွက် အကျိုးအ⁠မြတ်ရှိသည့် သီး⁠နှံများ⁠ဖြစ်သည့်အ⁠ပြင် အာဟာရဓာတ်တန်ဘိုးပါ ⁠မြင့်မားသ⁠ဖြင့် ⁠မြန်မာ⁠နို...

အပိုဝင်ငွေရဖို့ နိုကိုဘယ်လိုစနစ်တကျစိုက်ပျိုးမလဲ

Image
မြန်မာအမည် - နိုကို အင်္ဂလိပ်အမည် - knol – khol (or) knol – rabi  ရုက္ခဗေဒအမည် - Brassica Oleracea Linn မျိုးရင်း - Cruciferae မူရင်းဒေသ ------------- ဥရောပအနောက်ပိုင်းတိုင်းပြည်တွေဖြစ်ပါတယ်။ အမျိုးအစား ------------- ကျော်ကြားတဲ့မျိုးတွေကတော့ White Vienna သက်လျင်မျိုးအဝိုင်းနဲ့ အစိမ်းရင့်ရောင်ဖျော့၊အသားညက်ပြီး အရွက်အလတ်တန်းစားဖြစ်ပါတယ်။ Purple Vienna ဟာ (၇-၁၀)ရက်ပိုပြီးတော့ အသက်ကြီးပါတယ်။ ဥအပြင်အရောင်ကတော့ ခရမ်းရောင်၊အတွင်းသားဟာ အစိမ်းနုရောင်ဖြစ်ပါတယ်။ နိုကိုဟာ အအေးကြိုက်တဲ့အပင်မျိုးဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ဒေသ ------------------- အအေးကြိုက်သီးနှံဖြစ်တဲ့အတွက် ရှမ်းပြည်နယ်မှာ အများအပြားစိုက်ပျိုးပါတယ်။ ဆောင်းရာသီမှာ မန္တလေးလိုမြို့ကြီးတွေမှာ အနည်းအကျဉ်းစိုက်ပျိုးပါတယ်။ မြေအမျိုးအစားနှင့်ရာသီဥတု -------------------------------- • သဲမြေနဲ့ အလွန်စေးတဲ့မြေတွေကလွဲရင် ကျန်တဲ့မြေတွေမှာ ပြုပြင်စိုက်ပျိုးနိုင်ပါတယ်။ မြေချဉ်ငန်ဓာတ် (၆-၆.၅)ရှိတဲ့မြေမျိုးကို ပိုပြီးနှစ်သက်ပါတယ်။ • နိုကိုဥကောင်းကောင်းဖြစ်ထွန်းနိုင်ဖို့ အပူချိန် (၆၅-၇၅)ဒီဂရီဖာရင်ဟိုက်လ...

အပိုဝင်ငွေရစေတဲ့ ဗိုလ်စားပဲကို ဘယ်လိုစနစ်တကျစိုက်ပျိုးမလဲ

Image
အမေရိကန်တောင်ပိုင်းနဲ့ အလယ်ပိုင်းကဖြစ်ပါတယ်။ စပိန်လူမျိုးတွေကနေတစ်ဆင့် ဥရောပ၊ အာဖရိက၊ အာရှနိုင်ငံတွေကို ရောက်လာတာဖြစ်ပါတယ်။ စိုက်ပျိုးသည့်ဒေသ မြန်မာနိုင်ငံအနှံ့အပြားနဲ့ ကမ္ဘာ့အနှံ့အပြားမှာ စိုက်ပျိုးကြပါတယ်။ အမျိုးအစား ------------- အပင်ပုံစံကိုကြည့်ပြီး (၃)မျိုး ခွဲခြားနိုင်ပါတယ်။ အပင်ပုမျိုးကတော့ အဆစ်တိုပြီး အပင်ရှည်မျိုးက အပင်ပုမျိုးထက် အဆစ်ရှည်ပါတယ်။ ကျန်တစ်မျိုးက တိုင်ထောင်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချုံပုတ်မျိုးနဲ့ နွယ်တက်မျိုးဆိုပြီးတော့ (၂)မျိုးခွဲခြားကြပါတယ်။ အဲဒီ(၂)မျိုးကို ထပ်ပြီးတော့ အတောင့်ရဲ့ပုံသဏ္ဍာန် ၊အရောင်ပေါ်မူတည်ပြီးတော့ အလုံး၊အပြား၊အတိုတရှည်၊အစိမ်း၊အဝါ၊ခရမ်းရောင်စသဖြင့် ထပ်ပြီးခွဲခြားကြပါတယ်။ ရေမြေရာသီဥတု -------------------- • သဲဆန်တဲ့မြေကနေ မြေစေးအထိ မြေအမျိုးအစားတော်တော်များများမှာ စိုက်ပျိုးလို့ရပါတယ်။ အချို့က ခဲမြေတွေမှာလည်း စိုက်ပျိုးကြပါတယ်။ တိုတောင်းတဲ့ရာသီမှာ အချိန်တိုအတွင်း စိုက်ချင်ရင် သဲဆန်တဲ့မြေမှာ စိုက်ပျိုးကြပါတယ်။မြေကောင်းရင် အထွက်ပိုကောင်းပါတယ်။ အရမ်းချဉ်တဲ့မြေတွေမှာ မဖြစ်ထွန်းပါ။ မြေချဉ်ငန်ဓာတ် (၅.၃-၆)အတွင်း ဖြစ်ထွန်းပ...

⁠တောင်​သူဦး​⁠ကြီး​များ​ ပိုး​သတ်​⁠ဆေး​သုံး​စွဲရာမှာ အ⁠န္တရာယ်​ကင်း​စွာ ကိုင်​တွယ်​သုံး​စွဲ⁠နိုင်​⁠စေရန်​အတွက်​ လိုက်​နာ⁠ဆောင်​ရွက်​သင့်​​သည့်​​ အချက်​များ

Image
⁠တောင်​သူဦး​⁠ကြီး​များ​ ပိုး​သတ်​⁠ဆေး​သုံး​စွဲရာမှာ အ⁠န္တရာယ်​ကင်း​စွာ ကိုင်​တွယ်​သုံး​စွဲ⁠နိုင်​⁠စေရန်​အတွက်​ လိုက်​နာ⁠ဆောင်​ရွက်​သင့်​​သည့်​​ အချက်​များ​ကို Pissaya Info မှ ⁠တောင်​သူဦး​⁠ကြီး​များ​ သိရှိ⁠စေ⁠နိုင်​ရန်​အတွက်​ စုစည်း​တင်​ဆက်​⁠ပေး​လိုက်​ပါတယ်​။ ၁။ သုံး​စွဲရမည့်​​ ပိုး​သတ်​⁠ဆေး​ကို မှန်​ကန်​စွာ ⁠ရွေး​ချယ်​ရမည်​။ (နား​လည်​တတ်​ကျွမ်း​သူ⁠နှင့်​​ တိုင်​ပင်​ပါ။ )​ ၂။ ပိုး​သတ်​⁠ဆေး​ဘူး​၊ အထုပ်​စသည်​တို့​အ⁠ပေါ်တွင်​ ပါရှိ⁠သော ပိုး​သတ်​⁠ဆေး​အသုံး​⁠ပြုရန်​အညွှန်း​စာကို ⁠သေချာနား​လည်​⁠အောင်​ ဖတ်​ရှုပါ။ (နား​မလည်​နိုင်​ပါက နီး​စပ်​ရာ ကျွမ်း​ကျင်​သူကို ⁠မေး​⁠မြန်း​ပါ။ )​ ၃။ ⁠ဆေး​ကို ကိုင်​တွယ်​မည်​ဆိုလျှင်​ လိုအပ်​⁠သော ⁠နှာ⁠ခေါင်း​စည်း​၊ သား​⁠ရေလက်​အိတ်​ရှည်​၊ သား​ရည်ေ⁠ခြအိတ်​ရှည်​၊ ဦး​⁠ခေါင်း​ကို ကာကွယ်​⁠ပေး​သည့်​​ အနား​ကျယ်​ဦး​ထုပ်​⁠ဆောင်း​⁠ခြင်း​တို့​ကို လုပ်​⁠ဆောင်​ပါ။ ၄။ ⁠ဆေး​များ​ကို ကိုင်​တွယ်​သုံး​စွဲ⁠ပြီး​⁠နောက်ေ⁠ခြလက်​တို့​ကို ⁠ရေများ​များ​⁠ဖြင့်​​ ⁠ဆေးေ⁠ကြာပစ်​ပါ။ ၅။ ⁠ဆေး​ကုန်​သွား​သည့်​​ ⁠ဆေး​ဘူး​၊ ပုလင်း​၊ ခွက်​ စသည်​တို့​က...

ကြယ်​ပဲစိုက်ပျိုးနည်း

Image
အစေ့ချစိုက်ပျိုးနည်းနှင့် ပျိုးထောင်စိုက်ပျိုးနည်း နှစ်နည်းရှိသည်။ အစေ့ချ စိုက်ပျိုးနည်းမှာ စိုက်မည့်နေရာ၌  တစ်ပေခွဲ ပတ်လည် ကျင်းတူးပြီး  စပါးခွံ မြေဆွေး နဲ့ နွေးချေး တို့ကို ထည့်ပြီး နှစ်ရက်ရေလောင်းကာ မြေကြီးနှင့်နှပ်ထားရပါသည်။ စိုက်ပျိုးမည့်ကြယ်ပဲများကို ၂၄ နာရီကြာ ရေစိမ်ရသည်။  အစိုဓာတ်နည်းသော ကြယ်ပဲများကို  နှစ်ရက်ခန့် ရေစိမ်ရမည်။ စိုက်ပြီး ငါးရက်မှ ၇ရက်အတွင်း ကြယ်​ပဲစေ့မှ အညှောင့်​ပေါက်လာမည်​။ အညှောင့်​ပေါက်​များကို မြေနှပ်​ထားသော ကျင်းထဲသို့ တစ်​စေ့ဆီထည့်​ပီး မြေဆွေးအပေါ်မှ နှစ်​လက်​မဖုံးကာ သုံးရက်​ ၁ကြိမ်​ ရေပေးပါစိုက်ပျိုးပြီး ရက်၃၀ လောက် ရောက်လာပြီဆိုလျှင် အပင်တက်နိုင်အောင် တိုင်ထောင်ပေးဖို့အတွက် လိုအပ်လာပါသည်။  အသုံးပြုမည့် တိုင်များကို  ဝါး၊ သစ်သား၊ ကျောက်တိုင် စသဖြင့် သုံးကြသည်။ သို့သော် နှစ်ရှည်ပင် ဖြစ်သည့်အတွက်ကြောင့် ကျောက်တိုင်ကအသင့်တော်ဆုံး ဖြစ်သည်။ စိုက်ပြီး နှစ်လခွဲ ဝန်းကျင်တွင် အမြင့် ၅ပေခွဲလောက် ရောက်လာပါသည်။ ထိုအခါ ပင်စည်၏ အညွန့် ထိပ်ပိုင်းကို အပင်ကိုင်းများ ပြန့်ပွားလာအောင် ဖြတ်ပေးဖို့ လိုအပ်လာပါသည်။ရေကို...

နှမ်းစိုက်ပျိုးနည်း

Image
နှမ်းကို မိုး၊ မိုးနှောင်းနဲ့ မိုးကြိုရာသီတို့မှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံအပူပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နှမ်းကို သီးသန့် ဒါမှမဟုတ် ပဲစင်းငုံနဲ့ သီးညှပ် စိုက်ပျိုး ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဖြစ်တဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာတော့ စပါးစိုက်အပြီး သီးထပ် အနေနဲ့ စိုက်ပျိုးကြပါတယ်။ (နှမ်းစိုက်ပျိုးနည်းအပါအ၀င် ငရုတ်၊ မုန်ညင်း၊ ကောက်ရိုးမှို၊ ကညွတ်နဲ့ ပဲမျိုးစုံ စိုက်ပျိုးနည်း ၃၀ ကျော်ကို ထွက်တိုးမှာ တစ်စုတစ်စည်း ဖတ်ရှုနိုင်ပြီနော်။ ဖတ်ရှုရန် http://bit.ly/fbhtwettoe ကိုနှိပ်ပါ။) ===== 🌱 ===== ရေ၊မြေ၊ ရာသီဥတုသဘာဝ ===== 🌱 ===== ရေစီးရေလာကောင်းပြီး မြေဆီသြဇာထက်သန်တဲ့ မြေမျိုး၊ အစိုဓါတ်ထိမ်းသိမ်းနိုင်ပြီး ရေမဝပ်နိုင်တဲ့ မြေအမျိုးအစားကို ကြိုက်နှစ်သက်ပါတယ်။ မိုးရေနဲ့ အစိုဓါတ်သင့်တင့်ရင် မြေအမျိုးအစားမျိုးစုံမှာ စိုက်နိုင် ပါတယ်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနဲ့ မြေနီသဲဝန်း မြေများမှာ စိုက်နိုင်ပါတယ်။ မြေချဉ်ငံဓါတ် ၅.၈-၇ အတွင်းရှိတဲ့ မြေများကတော့ အကောင်းဆုံးပါ။ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းစွာ...

နှမ်းစိုက်ပျိုးနည်း

Image
နှမ်းစိုက်တောင်သူ ဦးကြည်ရွှေ (ခ) ဦးပေါက်၏ နှမ်းစိုက်ပျိုးနည်း ကျွန်တော်ကတော့ မကွေးတိုင်း၊ စလေးမြို့နယ်၊ မြောင်းကောက်ကျေးရွာ၊ နှမ်းစိုက်တောင်သူ၊ ဦးကြည်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နှမ်းစိုက်ပျိုးမှု အနေအထားကို ဆွေးနွေး တင်ပြချင်ပါတယ်။ ကျွန်တော်၏ နှမ်းသီးနှံ စိုက်ပျိုးပုံမှာ ပထမဦးစွာ ထယ်ထိုး ထွန်မွှေရာတွင် မြေခံအနေဖြင့် ဂျစ်ပဆမ် ကျောက်မှုန့် ၄-၅ အိတ်ခန့် ထည့်သွင်း အသုံးပြုပါသည်။ ကျွန်တော်စိုက်ပျိုးသည့် မျိုးအမည်မှာ စမုံနက်နှမ်းမျိုး ဖြစ်ပါသည်။ စမုံနက် နှမ်းမျိုးကို တန်းလိုက်ကြောင်းဆွဲ၍ စိုက်ပျိုးပါသည်။ စိုက်ပျိုးပြီး ၁၀ ရက်မှ ၁၅ ရက်အတွင်းတွင် Gromaxx မှ ထုတ်လုပ်သော Bio TE နှင့် Bio NPK ကို နှံ့စပ်အောင် ပက်ဖျန်းလိုက်ပါတယ်။ ပက်ဖျန်းပြီး ၇ ရက်ခန့် အကြာတွင် ကျန်းမာသန်စွမ်းသည့် နှမ်းပင်ပေါက်များကို တွေ့ရှိရပါတယ်။ သန်စွမ်းပုံမှာ အပင်ကိုင်းများများ ထွက်လာခြင်း၊ ပင်စည်များ တုတ်ခိုင် သန်စွမ်းလာခြင်း၊ အရွက်ဖွဲ့စည်းပုံမှာလည်း အရွက်ပြားအရွယ် ကားတက်လာခြင်းကို တွေ့ရှိရပြီး ဆေးမသုံးမီ အခင်းနှင့် နှိုင်းယှဉ်ကြည့်ရာတွင် အပင်အရပ်ကွာခြားပုံမှာ အပင်အမြင့် ၇ လက်မခန့် သိသိသာသာ မြင့်တက်လာခြင်းက...