ကြယ်​ပဲစိုက်ပျိုးနည်း


အစေ့ချစိုက်ပျိုးနည်းနှင့် ပျိုးထောင်စိုက်ပျိုးနည်း နှစ်နည်းရှိသည်။



အစေ့ချ စိုက်ပျိုးနည်းမှာ စိုက်မည့်နေရာ၌ 
တစ်ပေခွဲ ပတ်လည် ကျင်းတူးပြီး 
စပါးခွံ မြေဆွေး နဲ့ နွေးချေး တို့ကို
ထည့်ပြီး နှစ်ရက်ရေလောင်းကာ မြေကြီးနှင့်နှပ်ထားရပါသည်။ စိုက်ပျိုးမည့်ကြယ်ပဲများကို ၂၄ နာရီကြာ ရေစိမ်ရသည်။ 
အစိုဓာတ်နည်းသော ကြယ်ပဲများကို 
နှစ်ရက်ခန့် ရေစိမ်ရမည်။

စိုက်ပြီး ငါးရက်မှ ၇ရက်အတွင်း ကြယ်​ပဲစေ့မှ အညှောင့်​ပေါက်လာမည်​။ အညှောင့်​ပေါက်​များကို မြေနှပ်​ထားသော ကျင်းထဲသို့ တစ်​စေ့ဆီထည့်​ပီး မြေဆွေးအပေါ်မှ နှစ်​လက်​မဖုံးကာ သုံးရက်​ ၁ကြိမ်​ ရေပေးပါစိုက်ပျိုးပြီး ရက်၃၀ လောက် ရောက်လာပြီဆိုလျှင် အပင်တက်နိုင်အောင် တိုင်ထောင်ပေးဖို့အတွက် လိုအပ်လာပါသည်။ 
အသုံးပြုမည့် တိုင်များကို 
ဝါး၊ သစ်သား၊ ကျောက်တိုင် စသဖြင့် သုံးကြသည်။ သို့သော် နှစ်ရှည်ပင် ဖြစ်သည့်အတွက်ကြောင့် ကျောက်တိုင်ကအသင့်တော်ဆုံး ဖြစ်သည်။ စိုက်ပြီး နှစ်လခွဲ ဝန်းကျင်တွင် အမြင့် ၅ပေခွဲလောက် ရောက်လာပါသည်။ ထိုအခါ ပင်စည်၏ အညွန့် ထိပ်ပိုင်းကို အပင်ကိုင်းများ ပြန့်ပွားလာအောင် ဖြတ်ပေးဖို့ လိုအပ်လာပါသည်။ရေကို ပုံမှန်အားဖြင့် သုံးရက်ကို တစ်ကြိမ်လောင်းပေးဖို့ လိုအပ်ပါသည်။
စိုက်သက်တမ်း လေးလ ငါးလလောက်တွင် အပွင့်များ ပွင့်လာပြီး အသီးများ သီးပါသည်။ အသီးများသီးပြီး တစ်လခွဲ ဝန်းကျင်ဆိုလျှင် အသီးများ ခြောက်လာကာ ခူး၍ ရပါပြီ။ 

ကြယ်ပဲ၏ ပျမ်းမျှအထွက်နှုန်းမှာ 
တစ်ဧကကို ခြောက်ပေအကွာနှင့် 
အပင်တစ်ထောင် စိုက်မယ်ဆိုလျှင် 
တစ်နှစ် တစ်တန်ခန့် ထွက်ရှိသည်။
ဒုတိယနှစ်​တွင်​ ကိုင်းဖြတ်​ ကိုင်းညှပ်​ စနှစ်​ဖြင့်​ အပင်​သေချာပြုစုနိုင်​ပါက ထွက်​နှုန်း ၂ဆ တိုးနိုင်​သည်​။

နွေရာသီတွင် ရေပေးနိုင်ဖို့ လိုအပ်ပြီး၊
မိုးရာသီတွင် ရေဝပ်သော နေရာများအား 
မှိုဆေးဖျန်းပေးဖို့ လိုအပ်ပါသည်။ 
စိုက်ပင် အကွာဝေး အလိုက် 
တစ်နှစ်လျှင် နှစ်ကြိမ်မျှ မြေဆွပေးဖို့ 
လိုအပ်ပါသည်။ 

အပူပိုင်းဒေသများတွင်​စိုက်​ပျိုးလိုပါက ပျိုးအိတ်​ပျိုးပီး စိုက်​ပျိုးလျှင်​ သင့်​တော်​သည်​။ အညှောင့်​ပေါက်​များကို ပျိုးအိတ်​ဖြင့်​ ပျိုးပီး အရိပ်​အောက်​တွင်​ ထားရှိပါ။ နေ့စဉ်​ ရေပုံမှန်​လောင်းပေးပါ ပျိုးအိတ်​သက်​တမ်း ၁လခွဲ ၂လ အကြာတွင်​ ကျင်းတူး မြေနှပ်​ထားသော ကျင်းထဲသို့ ပျိုးအိတ်​ထည့်​ပီး စိုက်​ပျိုးနိုင်​သည်​။ 

အသေးစိတ်​ထပ်​မံ သိရှိလိုပါက 
09 403747282
သို့ဆက်​သွယ်​မေးမြန်းနိုင်​ပါသည်

Comments

Popular posts from this blog

နှမ်းစိုက်ပျိုးနည်း

နှမ်းစိုက်ပျိုးနည်း

အာလူးစိုက်ပျိုးနည်း