တောင်သူဦးကြီးများ ပိုးသတ်ဆေးသုံးစွဲရာမှာ အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနိုင်စေရန်အတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ
တောင်သူဦးကြီးများ ပိုးသတ်ဆေးသုံးစွဲရာမှာ အန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲနိုင်စေရန်အတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို Pissaya Info မှ တောင်သူဦးကြီးများ သိရှိစေနိုင်ရန်အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ သုံးစွဲရမည့် ပိုးသတ်ဆေးကို မှန်ကန်စွာ ရွေးချယ်ရမည်။ (နားလည်တတ်ကျွမ်းသူနှင့် တိုင်ပင်ပါ။ )
၂။ ပိုးသတ်ဆေးဘူး၊ အထုပ်စသည်တို့အပေါ်တွင် ပါရှိသော ပိုးသတ်ဆေးအသုံးပြုရန်အညွှန်းစာကို သေချာနားလည်အောင် ဖတ်ရှုပါ။ (နားမလည်နိုင်ပါက နီးစပ်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။ )
၃။ ဆေးကို ကိုင်တွယ်မည်ဆိုလျှင် လိုအပ်သော နှာခေါင်းစည်း၊ သားရေလက်အိတ်ရှည်၊ သားရည်ခြေအိတ်ရှည်၊ ဦးခေါင်းကို ကာကွယ်ပေးသည့် အနားကျယ်ဦးထုပ်ဆောင်းခြင်းတို့ကို လုပ်ဆောင်ပါ။
၎။ ဆေးများကို ကိုင်တွယ်သုံးစွဲပြီးနောက် ခြေလက်တို့ကို ရေများများဖြင့် ဆေးကြောပစ်ပါ။
၅။ ဆေးကုန်သွားသည့် ဆေးဘူး၊ ပုလင်း၊ ခွက် စသည်တို့ကို သတ်မှတ်ကျင်းတစ်ခုတွင် မြေမြှုပ်ဖျက်ဆီးပစ်ပါ။
၆။ ဆေးရည်ဖျန်း ကိရိယာများကို သုံးစွဲပြီးနောက် သန့်စင်အောင်ဆေးကြောရေများကို လည်း သတ်မှတ်ကျင်းတစ်ခုတွင် စနစ်တကျ စွန့်ပစ်ပါ။
ရှောင်ရန်
၁။ ပျက်စီးယိုယွင်းနေသော ဆေးဖျန်းကိရိယာများကိုအသုံး မပြုပါနှင့်။
၂။ ဆေးသုံးစွဲထားသောလက်ဖြင့် အစားမစားပါနှင့်။
၃။ ဆေးပုလင်း၊ ဆေးခွက်၊ ဆေးဘူးစသည့်ဆေးနှင့်ဆိုင်ရာပစ္စည်းတို့ကို ကလေးငယ်များလက်လှမ်းမှီရာတွင် မထားပါနှင့်။
Source – စိုက်ပျိုးရေးဦးစီးဌာန
Comments
Post a Comment