နှမ်းစိုက်ပျိုးနည်း

နှမ်းစိုက်တောင်သူ ဦးကြည်ရွှေ (ခ) ဦးပေါက်၏ နှမ်းစိုက်ပျိုးနည်း


ကျွန်တော်ကတော့ မကွေးတိုင်း၊ စလေးမြို့နယ်၊ မြောင်းကောက်ကျေးရွာ၊ နှမ်းစိုက်တောင်သူ၊ ဦးကြည်ရွှေ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ နှမ်းစိုက်ပျိုးမှု အနေအထားကို ဆွေးနွေး တင်ပြချင်ပါတယ်။ ကျွန်တော်၏ နှမ်းသီးနှံ စိုက်ပျိုးပုံမှာ ပထမဦးစွာ ထယ်ထိုး ထွန်မွှေရာတွင် မြေခံအနေဖြင့် ဂျစ်ပဆမ် ကျောက်မှုန့် ၄-၅ အိတ်ခန့် ထည့်သွင်း အသုံးပြုပါသည်။
ကျွန်တော်စိုက်ပျိုးသည့် မျိုးအမည်မှာ စမုံနက်နှမ်းမျိုး ဖြစ်ပါသည်။ စမုံနက် နှမ်းမျိုးကို တန်းလိုက်ကြောင်းဆွဲ၍ စိုက်ပျိုးပါသည်။ စိုက်ပျိုးပြီး ၁၀ ရက်မှ ၁၅ ရက်အတွင်းတွင် Gromaxx မှ ထုတ်လုပ်သော Bio TE နှင့် Bio NPK ကို နှံ့စပ်အောင် ပက်ဖျန်းလိုက်ပါတယ်။ ပက်ဖျန်းပြီး ၇ ရက်ခန့် အကြာတွင် ကျန်းမာသန်စွမ်းသည့် နှမ်းပင်ပေါက်များကို တွေ့ရှိရပါတယ်။ သန်စွမ်းပုံမှာ အပင်ကိုင်းများများ ထွက်လာခြင်း၊ ပင်စည်များ တုတ်ခိုင် သန်စွမ်းလာခြင်း၊ အရွက်ဖွဲ့စည်းပုံမှာလည်း အရွက်ပြားအရွယ် ကားတက်လာခြင်းကို တွေ့ရှိရပြီး ဆေးမသုံးမီ အခင်းနှင့် နှိုင်းယှဉ်ကြည့်ရာတွင် အပင်အရပ်ကွာခြားပုံမှာ အပင်အမြင့် ၇ လက်မခန့် သိသိသာသာ မြင့်တက်လာခြင်းကို တွေ့ရှိခဲ့ရပါသည်။ အသီးအပွင့်များမှာလည်း ကြံ့ခိုင်သန်စွမ်းသော သီးလုံးများကို ဝေေ၀ဆာဆာ တွေ့ရှိရပါသည်။ ယခင် စိုက်ပျိုးသည့် အထွက်နှုန်းထက် သာလွန်၍ ထွက်မည်ဟု ကျွန်တော် ယုံကြည်ထားပါသည်။

Comments

Popular posts from this blog

နှမ်းစိုက်ပျိုးနည်း

အာလူးစိုက်ပျိုးနည်း