မြေပဲအကြောင်း
၁ ) မြေပဲမှာ ဖက်တီးအက်စစ် ( fatty acids ) များစွာပါဝင်ပါတယ်
ဝိတ်တက်ဖို့အကူအညီပေးပါတယ်
၂ ) မြေပဲမှာအသားဓာတ် ( protein ) လုံလောက်အောင်ပါဝင်ပါတယ်
ကြီးထွားဖို့ ကြွက်သားများပြုပြင်ဖို့ တည်ဆောက်ဖို့အကူအညီပေးပါတယ်
၃ ) မြေပဲမှာ ဗီတာမင် သတ္ထု ဓာတ် အင်တီအောက်ဆီဒင့် နဲ့စွမ်းအင်များပါဝင်
မြေပဲလက်တစ်ဆုပ်စားထားရင်တစ်နေ့ကုန်အားအင်ရှိနေပါတယ်
၎ ) မြေပဲမှာ ပေါ်လီဖီနိုလစ် ( polyphenolic ) အင်တီအောက်စီဒင့် ဓာတ်တစ်မျိုးပါဝင်အစာအိမ်ကင်ဆာဖြစ်ခြင်းကို၎င်းဓာတ်ကကာကွယ်ပေးပါတယ်
၅ ) မြေပဲမှာ ( vitamin E ) ပါဝင်လို့အသားအရေစိုပြေစေ ဆံပင်သန်စွမ်းစေ
၆ ) မြေပဲမှာ ပိုတက်ဆီယမ်. ကော့ပါး. ကယ်လ်စီယမ်. မဂ္ဂနီစီယမ် သံဓာတ်တို့ပါဝင်
၎င်းတို့မှာခန္ဓာကိုယ်လုပ်ငန်းများကိုကောင်းမွန်စေပြီး ရောဂါဘယကင်းဝေးစေ
၇ ) မြေပဲကိုမှန်မှန်စားသုံးပါကဆီးအိမ်မှာကျောက်တည်ခြင်းကို ၂၅% လျော့ချစေနိုင်တယ်ဆိုပါတယ်
၈ ) မြေပဲမှာ မဂ္ဂနီစီယမ်အလုံအလောက်ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာက်ကိုထိန်းညှိပေးပါတယ် ဆီးချိုအတွက်ကောင်းပါတယ်
၉ ) မြေပဲမှာ နိုင်ရာစင်ဒြပ်စင်ပါ ( niacin element)ပါရှိတဲ့အတွက်
ဦနှောက်ကိုကျန်းမာစေပြီး မှတ်ညာဏ်ကိုတိုးစေပါတယ်
၁၀ ) မြေပဲမှာ ဆား ( sodium ) နည်းနည်းပဲပါဝင်တယ် ဒါကြောင့် သွေးမတိုးစေပါဘူး
၁၁)မြေပဲမှာအင်တီအောက်စီဒင့်အလုံအလောက်ပါတဲ့အတွက်အိုမင်းခြင်းပိုလျော့ပါးစေ ရုပ်ဆင်းကိုတင့်တယ်စေပါတယ်
၁၂) မြေပဲဟာစိတ်ကျဝေဒနာဖြစ်ခြင်းကိုလျော့စေတဲ့ဓာတ်များကိုလည်းဖန်တီးပေး
၁၃ ) မြေပဲက သွေးပေါင်ကိုထိန်းပေးလို့ လေဖြတ်ခြင်းကိုလျော့နည်းစေပါတယ်
၁၄ ) မြေပဲမှာ ကယ်လ်စီယမ် များစွာပါဝင်လို့ အရိုးကိုသန်မာစေပါတယ်
၁၅ ) မြေပဲမှာ သံ ဓာတ်များစွာပါဝင်တဲ့အတွက် သွေးအားနည်းရောဂါမဖြစ်စေပါဘူး
* မြေပဲဆံမှာကပ်နေတဲ့အခွံမှာ ဓာတုပစ္စည်းတမျိုးပါတယ် သူက ပရိုတိန်းဓာတ်ကိုစုပ်ယူ
ရာမှာနှောက်ယှက်ပါတယ် ဒီအခွံကိုဖယ်ရှားပြီးမှစားသုံးရပါမယ်။
credit ဒေါက်တာမြင့်သိန်း
မြေပဲ ဓာတ်မတည်မူ ..
မြေပဲနဲ့ဓာတ်မတည့်သူတွေရှိပါတယ်။
ဓာတ်မတည့်သည့်ကလေးငယ်များအနားသို့ ပြေပဲစားထားသောသူများ ချီခြင်း နမ်းခြင်းမပြုရပါ။
လည်ချောင်တွင်း အရေပြား ယားယံခြင်း အသက်ရူကျပ်ခြင်းများဖြစ်နိုင်ပါတယ်။
# နီနီလေး
Comments
Post a Comment